သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျုံကဒတ်ကျေးရွာနှင့် စက်စဲကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ် စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံ​ဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကျုံကဒတ်ကျေးရွာ(ဓမ္မာရုံ)နှင့် မွန်းလွဲပိုင်းတွင် စက်စဲကျေးရွာ (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍ ​​  ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ကျေးရွာနေ ပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျောင်းများ ကောင်းမွန်စေရေးနှင့် ကျန်းမာ​ရေး၊ လူမှုရေး၊ စိုက်ပျိုး မွေးမြူရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်ကျောင်းလိုအပ်ချက်များရှိပါက တင်ပြနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများကို အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ​ မြို့နယ်စီမံအုပ်ချုင်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူး သက်ထွန်းဦးက နိုင်ငံရေးစစ်ကြောင်းအ​နေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချပြရှင်းလင်းပြီး တရားဥပဒေစိုးမိုး​ရေးနှင့် လုံခြုံရေးဆိုင်ရာများ ဆွေးနွေးသည်၊၊

ထို့နောက် မြို့မစခန်းမှူး ဒုရဲမှူး မိုး​မြင့်က လုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ပစ်မှုဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေး​နွေးရာ တက်ရောက်လာသည်​ ကျေးရွာနေ ပြည်သူများ၏ တင်ပြမေးမြန်းချက်များအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ်​ ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)