ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပျဉ်ပုံလေးကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

မချမ်းဘော့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန်နှင့် ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာ အလယ်တန်းကျောင်း မြို့မ၌ စက်တင်ဘာလ ၂၂ ရက် နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

မချမ်းဘော့၌ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးဖြစ်သည့် (Physical Fitness Dance) အကသင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ ကိုယ်ကာယ ကြံ့ခိုင်လာစေရန်နှင့် အားကစားစိတ်ဓာတ်များ တိုးပွားလာစေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဖြစ်သည့် (Physical Fitness Dance) အကသင်တန်းကို မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်းမြို့မ၌ စက်တင်ဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခွဲအချိန်က ဖွင့်လှစ်ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့ရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မင်းလှမြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မိုင်းယောင်း၌ ဒေသထွက်ကျွဲကောသီး လူကြိုက်များပြီး ဈေးကောင်းရရှိ

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အရသာထူးကဲသော မိုင်းယောင်းဒေသထွက် ကျွဲကောသီးသည် ယခုအခါ လူကြိုက်များပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးပေးပြီး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ တတိယပတ်က စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရသည်။

ကျေးသီး​မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်တွင် ကျေးသီးမြို့မစျေးကြီး၌​ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့သည်၊၊

မူဆယ်မြို့ ဓာတ်ဆီဆိုင်အချို့တွင် ဓာတ်ဆီဈေးနှုန်း အနည်းငယ်ကျဆင်းလာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဓာတ်ဆီဆိုင်အချို့၌ ယခင်ကထက် ဓာတ်ဆီဈေးနှုန်း အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။
Subscribe to