ကွတ်ခိုင်မြို့နယ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ‌ကျေလက်‌‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ၃၈မိုင် မန်ပြိန်းကျေးရွာအုပ်စု၊ ဖောင်းဆိုင်ကျေးရွာ ကုန်ထုတ်လမ်း (၁/၄)မိုင်လုပ်ငန်းများအား ခွင့်ပြုရန်ပုံငွေကျပ် (၅၈.၈၀)သန်းဖြင့် တင်ဒါအောင်မြင်သော OKIMO ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့၌ လူငယ်ရေးရာအသိပညာ ဟောပြောပွဲကျင်းပ

ကျောင်းသား၊ကျောင်းသူလူငယ်မောင်မယ်များ ကျန်းမာကြံ့ခိုင်ပြီး အားလပ်ချိန်များတွင် မိမိ ဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်သင်ကြားခြင်းဖြင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချ တတ်လာစေရန်နှင့် အားကစားကိုစိတ်ပါဝင်စားပြီး တန်ဖိုးထားလာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ထန်းတပင်)နှင့် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အတွင်းသဲဖြူအခြေခံပညာကျောင်း နှစ်ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊‌ နောင်မွန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများကို အခြေခံ၍လူငယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓာတ်ခန္ဓာ ပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ လူငယ်များအားကစားကို စိတ်ပါဝင်စားလာပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားလာစေနိုင်ရန်နှင့် မြို့နယ်အတွင်းမှ ဂုဏ်‌ဆောင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခဲ့သော နောင်မွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို စက်တင်ဘာ(၂၄) ရက် မွန်းလွဲ(၂)နာရီက နောင်မွန်းမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကျင်းပသည်။

သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး(၉၉၂၄)ဦး ထိုးနှံပေးနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းဆေးထိုး သတ်မှတ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြု ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုအသိပညာပေးလုပ်ငန်းများ မြို့အနှံ့လှည်လည်ဆောင်ရွက်

(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ပြဘုတ်ပြခန်း၊ ဖျော်ဖြေရေးမော်တော်ယာဉ်များဖြင့် ကော့သောင်းမြို့တွင်းအနှံ့နှင့် အခြေခံပညာကျောင်းများအနှံ့ ပြည်သူ့အကျိုးပြုအသိပညာပေးနှင့် ဖြေဖျော်ရေးလုပ်ငန်းများအား  လှည့်လည်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေခရီးသိကောင်းစရာဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရးဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်) ၏ စာပေခရီးအတွေ့အကြုံ အကြောင်းဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask Campaign အရှိန်မြှင့်တင်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆွမ်ပရာဘွမ်မြို့နယ် ယာဉ်ကြီးယာဉ်ငယ်နှင့် ဖြတ်သွား ဖြတ်လာသူများအား စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲချိန်က ကဘရန်ခူးရပ်ကွက်၌ Mask Campaign လုပ်ငန်းဆောင်ရွက်သည်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရန်အတွက် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ(၂၄)ရက် နံနက်ပိုင်းတွင် ဆန်၊ ဆီ၊ ဆားနှင့်ပဲများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Subscribe to