ဇမ္ဗူသီရိမြို့နယ်တွင် “ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၁) နာရီက “ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က ကလေးအလုပ်သမားအကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ သတ်မှတ်အသက်အရွယ်နှင့် သတ်မှတ်အလုပ်ချိန်များ၊ ကလေးအလုပ်သမားများအတွက် ဘေးအန္တရာယ်ရှိသည့်လုပ်ငန်းခွင်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားများကိုခိုင်းစေမှု၊ ကလေးအလုပ်သမားများနှင့် ပတ်သက်ပြီး ကာကွယ်ပေးထားသည့် ဥပဒေဆိုင်ရာသိကောင်းစရာများ စသည့် အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)