မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်းဘုတ်စိုက်ထူ

မိုင်းတုံ  စက်တင်ဘာ  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က မြို့မပန်းခြံထောင့်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်တွင် နိုင်ငံသားစီစစ်ရေးကတ်များနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်သည့် အကြောင်းအရာများ၊  မိဘပြည်သူများအ‌နေဖြင့် အခက်အခဲများရှိပါက၊ နားမလည်ပါက  သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနသို့သွားရောက် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးဆိုင်းဘုတ်ကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှအေး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်း၊ ခရိုင်တရားသူကြီး ဦးပုညနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးတို့က မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဆိုင်းဘုတ်စိုက်ထူပြီးစီးမှုကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်းနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှအေးနှင့်အဖွဲ့များနှင့် ဌာနဆိုင်ရအကြီးအကဲများမှ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)