ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အစုအဖွဲ့ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း က မကျီးထုံးအုပ်စုအတွင်းရှိ ကျေးရွာများသို့ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း၍ ဆောင်းနေကြာသီးသန့်စိုက်ပျိုး ထုတ်လုပ်တောင်သူများနှင့် တွေ့ဆုံ၍အစုအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ပင်စုံကျေးရွာ အုပ်စု၊ ကောင်းမှုဗွာကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ဆက်လက် ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် ဆန်(၁၀)အိတ်၊ ဆီ (၁)ပေပါ၊ ကြက်ဥအလုံး (၁၀၀၀)တို့အား တိုင်းဒေသကြီး၏ သတ်မှတ်စျေးနှုန်းများအတိုင်း ပြည်သူတစ်ဦးကို ဆန်(၂)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်ဥ (၁၀)လုံးတို့ကို မျှဝေရောင်းချ ပေးလျှက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်၌ ချစ်ကြည်ရေးဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် ချစ်ကြည်ရေး ဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွှဲ ၃ နာရီ အချိန်က CR-7 ဖူဆယ်ဘောလုံးကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဌာနဆိုင်ရာရုံးများတွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ (၁) နာရီက အမှတ်(၂၅) အခြေခံပညာအထက်တန်းကျာင်း(ခွဲ)နှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများ ဆရာ/ မများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများ ဆရာ/ မများအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အထက ဇင်းကျိုက်မြို့ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား များကွင်းဆင်းပြုလုပ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြု လုပ်ပေးခြင်းကို ယမန်နေ့နက်ပိုင်းကစ၍ ဌက်ပျောတောကျေးရွာရှိ ဓမ္မဝိဟာရဓမ္မာရုံ၌ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံပြီး ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် မိသားစုအား ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဝက်ထီးကန်အုပ်စု၊ ကွက်သစ် ၂ ရပ်ကွက်၊ သံဘိုရပ်ကွက်တွင် ချောင်းရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသည့် ပြည်သူတစ်ဦးအတွက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်း က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့၊ ဆရာ/မများနှင့် ကျောင်းသား/သူများ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့အမှတ်(၃)အခြေခံ ပညာအထက်တန်း ကျောင်းအဆောက်အဦရှေ့တွင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား အသိပေးထုန်ပြန်ချက် လက်ကမ်းစာစောင်များဖြန့်ဝေ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ဦးစီးမှူးရုံးမှ မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကပ်ပြားနှင့် ပတ်သက်သည့် ပြည်သူများအား သိရှိစေရန်ရယ်ရွယ်၍ "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်" လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈:၃၀)အချိန်က ကွတ်ခိုင်မြို့၊ မြို့မစျေး၊ တာမိုးညဲ လမ်းဆုံမီးပွိုင့်နှင့် လူစည်ကားရာနေရာများတွင် မြို့နယ်လဝကရုံးမှ လဝကမှူး ဦးအောင်ထွေးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to