လှည်းကူး စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ယနေ့နံနက်(၇)နာရီက ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့် သုံးဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများလိုက်နာစေရန်ရည်ရွယ်၍ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်ရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့ကဦးဆောင်၍ SEO HO Group ကုမ္ပဏီဝန်ထမ်းများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်နှင့်စီမံအဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးဌေးအောင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများလူမှုရေးအသင်းအဖွဲ့များတို့က လှည်းကူးမြို့၊ SEO HO Group ကုမ္မဏီမှ ဝန်ထမ်းများအား လက်ဝယ်အရောက် နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းနှင့်ပိုးသတ်ဆေးဖျန်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)