တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး မက်မန်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ

မက်မန်း စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့်အဖွဲ့သည် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တြိဂံတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်နီလင်းအောင်က ဒေသတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများသို့ ထောက်ပံ့ငွေကျပ်(၁၅)သိန်းနှင့် ကြက်သွန်၊ အာလူး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်စသည့် အခြေခံစားသောက်ကုန်များကိုလည်ကောင်း၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး မြင့်ကျော်က ထောက်ပံ့ငွေကျပ်(၅)သိန်းကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကိုယ်စား မက်မန်းခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ တြိဂံတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်နီလင်းအောင်က ဌာနဆိုင်ရာများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်းသိရသည်။

စိုင်းရွှေအောင်(ပြန်/ဆက်)