စဉ့်ကိုင် စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတတိုးပွားစေရေး၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ပြိုင်ပွဲများ ကျင်ပပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက အမှတ်ပေးစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးပါ၀င် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့ ပညာရေးဌာနမှ ဆရာမများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦး၀င်းကြည်နှင့် အဖွဲ့၀င်များ၊ Woman Club အဖွဲ့၀င်များ၊ Youth Clubအဖွဲ့၀င်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)