မဟာအောင်မြေမြို့နယ်၊အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ နံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

မဟာအောင်မြေ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးလက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းနှင့်နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၄) အခြေခံပညာအလယ်တန်းကျာင်း(ခွဲ)တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ကလေးဘဝ၊ ရှေ့အလားအလာနှင့်ဂုဏ်သိက္ခာ၊က‌လေးများ၏ စိတ်ပိုင်ဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာ‌စေမည့် အလုပ်မျိုး ကျောင်းတက်ရန် အခွင့်အလမ်းများ မဆုံးရှုံးစေရန်စသည့် ဗဟုသုတဖြစ်စေမည့်အကြောင်းအရာများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် ရည်မှန်းချက် (၃)ချက်၊ ကလေးအလုပ်သမားအဓိပ္ပါယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့် ပြည်သူများ ဗဟုသုတဖြစ်စေမည့် အကြောင်းအရာများ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း