ပိုင်ကျုံ အောက်တိုဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ ၆ လနှင့်အထက် ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများတို့က ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ် တစ်ခါမှထိုးနှံခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့် အထက်ရှိသည့် ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်မှုကို ထိရောက်စွာကာကွယ်နိုင်ရေးအတွက် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုနှံသူ (၄၃)ဦးနှင့် စတုတ္ထအကြိမ် ထပ်ဆောင်းကာကွယ်ဆေးအဖြစ်ထိုးနှံသူ(၂)ဦး စုစုပေါင်း(၄၅) ထိုးနှံပေးနိုင်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို အများပြည်သူများ ဆက်လက်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံတွင် အပတ်စဉ် အင်္ဂါနေ့ နှင့်သောကြာနေ့ထိုးနှံတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)