ငါ့သရောက်မြို့ အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ အမှတ်(၂) ပျဥ်းပင်ရက်ကွက်တွင် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် မိုးရေကိုအမှီပြုပြီး တစ်နိုင်တစ်ပိုင် တိုင်ထောင်ပဲစိုက်ပျိုးရောင်းချရသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသာစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ငါ့သရောက်မြို့ အမှတ် (၂) ပျဥ်ပင်ရက်ကွက်ရှိတောင်သူများသည် တိုင်ထောင်ပဲစိုက်ခင်းများကို စက်တင်ဘာလ ပထမအပါတ်ကစတင်စိုက်ပျိုပြီး။ စိုက်ပျိုးပြီး တစ်လအကြာတွင်စတင် တိုင်ထောင်ကြရကြောင်းသိရသည်။ တိုင်ထောင်ပဲကိုမစိုက်မှီ မြေယာများကို သဘာမြေသြဇာ များဖြစ်သည့် နွားချေး၊ ဆိတ်ချေးတို့ကို ဖြန့်ကျပြီး ထယ်ရေးကိုကြေညှက်အောင်ထွန်းရက်ပြီး စတင်စိုက်ပျိုးကြရကြောင်း သိရသည်။ စိုက်ပျိုးပြီး၂လခဲကြာချိန်တွင် စတင်ခူးဆွတ်ကျရပြီး ရရှိလာသောတိုင်ထောင်ပဲများငါ့သရောက်စျေမှ ဖောက်သည်းများမှ လာရောက်ဝယ်ယူလျက်ရှိ ကြောင်းသိရသည်။ တိုင်ထောင်ပဲ ဧက ဝတ်စိုက်ပျိုးထားရှိပါက တစ်ခါဆွတ်ခူးလျှင် ပိဿာချိန် ၆၀ မှ ၇၀ အထိ ထွက်ရှိကြောင်းသိရသည်။ အသီးစတင်သီးချိန်မှ ၂ လလောက်ထိခူးဆွတ်ရသောကြောင့် မိသာစုအပိုဝင်ငွေရရှိပြီး စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
P.W.A.(ပြန်/ဆက်)