ဒေးဒရဲ အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်သူ၊ မြို့နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးစေရေး ရည်ရွယ်၍ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲကို ယမန်နေ့ ညနေ (၆)နာရီက စတင်၍ လှည့်လည် အပူဇော်ခံလျက်ရှိသည်။
အဆိုပါနှစ်ကျိပ်ရှစ်ဆူဘုရားများပူဇော်ပွဲကို မြို့နယ်သြဝါဒ စရိယဆရာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ဌာနဆိုင်ရာများ၊ ကျိုက်ဒေးယျုံစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် အသင်းအဖွဲ့များ စုပေါင်း၍ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ ညနေပိုင်းတွင် မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဒေသစာရီလှည့်လည် အပူဇော်ခံလျက်ရှိရာ နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များအား ပြည်သူများက ဖူးမျှော်ကြည်ညိုကြပြီး အလှူငွေနှင့် ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည့် လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းကုသိုလ်ယူသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အေဇာလင်း