သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင်Book  Club များကစာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့်   အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး     Book  Club အဖွဲ့ဝင်များက စာရေးဆရာအောင်သင်းရေး၏ လူငယ်ရဲ့ဘဝနှင့် တန်ဖိုးကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီး ပြည်သူ့စာကြည့်တိုက်Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်း၌ Steel Structure (၁)ထပ်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဆောင်လိုအပ်ချက်အရ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Steel Structure (၁)ထပ် ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၄၀)ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပဲတီစိမ်းစိုက်တောင်သူများ ပဲတီစိမ်းဈေးနှုန်းကောင်းခြင်းကြောင့် စိုက်ပျိုးသူများတွက်ခြေကိုက်နေကြ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပဲတီစိမ်းစိုက်တောင်သူများ ဈေးနှုန်းရရှိခြင်းကြောင့်ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ပဲတီစိမ်းဆွတ်ခူးရောင်းချချိန် တစ်တင်းခြောက်သောင်းကျပ် ရောင်းချနေရခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများတွက်‌ခြေ ကိုက်နေကြကြောင်း ရှင်မိန်ကျေးရွာတောင်သူ ဦးခင်ဆောင်ကပြောကြားသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် “ ဆီထွက်သီးနှံအကြောင်း သိကောင်းစရာ ” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး “ဆီထွက်သီးနှံအကြောင်း သိကောင်းစရာ ” အသိပညာပေး ဆွေးနွေးပွဲ  (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရသေ့တောင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင်(တတိယအကြိမ်)  စိုက်ပျိုးရေးသုံး ယူရီးယားဓါတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မိုးရာသီမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓါတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၃၆၈၆၀ ဦးထိုးပေးနိုင်ပြီဖြစ်ကာ Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပြီးသူ ၄၅၂၁ ဦးထိုးပြီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းအချိန်ထိ ၆၃၆၈၆၀ ဦး ထိုးပေးနိုင်ခဲ့ ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

သံတွဲ​မြို့၌ MSME လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခြင်း  အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့တွင် ဂေါ်ရခါးသီးများ တိုးချဲ့စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုအခါ မိသားစု  စားဝတ်နေရေးအတွက် တစ် ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ဂေါ်ရခါးသီးတိုးချဲ့စိုက် ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ မိသားစု အပိုဝင်ငွေရရှိပြီး  အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to