ဝါးခယ်မမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာအုပ်စု၊ ကံကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးများအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အသက်(၂)လမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် တိုက်ကျွေးခဲ့သည်။

သီပေါမြို့နယ်တွင် (၁၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသံဃဒါန ဆွမ်းကြီးလောင်းလှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတွင်(၁၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသံဃဒါန ဆွမ်းကြီးလောင်းလှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၅) နာရီက အကျဉ်းချုံးကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် မိုးနေကြာစံကွက်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာရှိ  တောင်သူဦးစိုးလှိုင်၏ မိုးနေကြာ စံကွက်တစ်ဧက စိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကရသူရိမြို့တွင် ရှောက်သီးစျေးကောင်းရရှိ၍ စိုက်ပျိုးထားသူများဝင်ငွေကောင်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ရှောက်သီးများ ဈေးကောင်းရရှိသဖြင့် ရှောက်ပင်စိုက်ပျိုးထားသူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။

ချောင်းသာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဆိုင်းဘုတ်များ စိုက်ထူအသိပညပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နေပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်/လမ်း အန္တရာယ်ကင်းဝေးစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက ချောင်းသာမြို့ ပုသိမ်-ချောင်းသာ ပင်မ လမ်းကြီးတွင် အသိပေး၊ သတိပေး ဆိုင်းဘုတ်များစိုက်ထူခဲ့ကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ စားသုံးသူရေးရာအသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign  စုပေါင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊(ဃ)ရပ်ကွက်၊ ကုန်သည်လမ်း၊ စည်ပင်သာယာ မြို့မဈေးရှေ့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးနှင့်ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာကြသူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်၍သွားလာကြရန် အသိပညာပေးပြောကြားပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဌာနဆိုင်ရာများစုပေါင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၄၃၆၇၇၂)ဦး ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ကာကွယ်ဆေး (၄၃၆၇၇၂)ဦး ထိုးနှံပြီးဖြစ်ကြောင်း  သိရသည်။

ဒေးဒရဲမြို့နယ် မြတ်စေတနာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ကြီးရွယ်အိုများ၏ ဘဝသာယာစိုပြည်စေရေး၊ လုံခြုံသော လူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၁၀) နာရီက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ်အဖြစ် ဒေးဒရဲမြို့နယ် မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ထောက်ပံ့ ငွေများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to