ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သုံးရက်တိုင်တိုင်ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော်  ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၆)ရက်မှ (၈)ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပလေ့ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်း ၆၆/၁၁ KV မိုင်းခုတ်ဓာတ်အားခွဲရုံ တည်ဆောက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများ လူမှုဘဝနေထိုင်မှု အဆင့်အတန်းမြင့်မားစေရန် ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်း ၆၆/၁၁ KV မိုင်းခုတ် ဓာတ်အားခွဲရုံကို အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်)အတွင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) က ကျင်းပပြုလုပ် သည့် စာဖတ်ဝိုင်းကို အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့ ညောင်မှော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံနေကြာ သီသန့်/သီးညှပ် စိုက်ပျိုးရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး ဦးဆောင်သည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ သည် ညောင်မှော်ကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ၌ တောင်သူ များနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြပါသည်။

စကုမြို့၌ ရှေးဦးပြုစုနည်း အခြေခံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ပညာရေးဌာနနှင့် ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဖွင့်လှစ်တဲ့ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စကုမြို့ အခြေခံပညာအထက်တန်းကျောင်း မြရတနာခန်းမ၌  ဖွင့်လှစ်ခဲ့သည်။

ဂန့်ဂေါခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ (၂၇) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ (၂၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဝက်လက်မြို့၌ အိမ်ထောင်စုပေါင်း ၁၂၀၀ အား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ အခြေခံလူတန်းစား အိမ်ထောင်စု ၁၂၀၀ ကို အမှတ် ၃ ရပ်ကွက်နေ ဦးခိုင်ကြီး၊ ဒေါ်စံပယ် မိသားစုမှ စားသောက်ကုန် ၅ မျိုးကို ယမန်နေ့ ညနေပိုင်းက ရတနာပုံ သီးနှံမျိုးစုံ ရောင်ဝယ်ရေး ဆိုင်ရှေ့တွင် လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေဆိုင်ရာအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကျင်းပ

ဥပဒေအရာရှိများ ဥပဒေရေးရာနှင့်ဥပဒေဘာသာပြန်ကိစ္စများတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုဖြင့် အထောက်အကူဖြစ်စေရန်၊ အင်္ဂလိပ်စာကို အခြေခံမှစ၍ သီးသန့်သင်ကြားခြင်းမဟုတ်ဘဲ ဥပဒေရေးရာ အင်္ဂလိပ်စာအရည်အသွေးများ တိုးမြှင့်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေရန်၊ လေ့လာသင်ကြားလိုစိတ် ဖြစ်ပေါ်နေခြင်းဖြင့် တစ်ဦးချင်းစီ၏ အရည်အသွေးမပြတ်တိုးတက်ကြစေရန်နှင့် နိုင်ငံ့ဝန်ထမ်းများပီပီ တရားဥပဒေစိုးမိုးရေးပိုင်းတွင် ပိုမိုလေ့လာသိရှိသော အရည်အသွေးကောင်းများဖြင့် ပြည်သူကို အကျိုးပြုနိုင်ကြစေရန် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သော ဥပဒေဆိုင်ရာအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်တွင် (၆၁)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ကို  စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် ချောင်းကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်း၏ (၆၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ငွေပဒေသာပင်နှင့် ပစ္စည်းပဒေသာပင်များကို ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် ပူဇော်ခံခဲ့ကြောင်းသိရသည်။

ကော့သောင်းမြို့တွင် (၅၀)ကြိမ်မြောက် ရွှေရတုနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ လှည့်လည်ပူဇော်ပွဲအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၅၀)ကြိမ်မြောက် ရွှေရတုနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီလှည့်လည်ပူဇော်ပွဲအား လာမည့်တန်ဆောင် မုန်းလပြည့်နေ့တွင် မြို့လုံးကျွတ်စီတန်းလှည့်လည်အပူဇော်ခံကာ ရိုးရာအစဉ် အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to