ညောင်ဦး အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပဲတီစိမ်းစိုက်တောင်သူများ ဈေးနှုန်းရရှိခြင်းကြောင့်ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ပဲတီစိမ်းဆွတ်ခူးရောင်းချချိန် တစ်တင်းခြောက်သောင်းကျပ် ရောင်းချနေရခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများတွက်ခြေ ကိုက်နေကြကြောင်း ရှင်မိန်ကျေးရွာတောင်သူ ဦးခင်ဆောင်ကပြောကြားသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် ပဲတီစိမ်းစိုက်ပျိုးခြင်းအား ဝါဆိုလ၊ ဝါခေါင်လတို့တွင် ကြဲပက်စိုက်ပျိုးကြကာ စိုက်ပျိုးပြီးလေးဆယ့်ငါးရက်ကြာလျှင် စတင် ဆွတ်ခူးနေရပြီး ဈေးကွက်အတွင်းသွားရောက် ရောင်းချနေရပြီဖြစ်ကာ ပဲတီစိမ်းလုံးကြီး တစ်တင်းလျှင် ခြောက် သောင်းလေးထောင်ကျပ်၊ ပဲတီစိမ်းလုံးသေးတစ်တင်း ငါးသောင်းရှစ်ထောင်ကျပ်ရောင်းချရခြင်း ကြောင့်ပဲတီစိမ်းစိုက်ကျေးလက်တောင်သူများမျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်း မိုးရွာသွန်းမှုမညီမျှခြင်းများကြောင့်လည်း ပဲတီစိမ်းများအပင်ဖြစ်ထွန်းမှု မတူညီကြကြောင်း၊ ပဲတီစိမ်းရရှိမှု လည်းအနည်းအများကွာခြားကြပြီး မိုးရွာသွန်းမှုများသည့်ဒေသများက ပို၍ပဲတီစိမ်းရရှိကြပြီး မိုးရွာသွန်းမှုနည်းသည့် ဒေသမှတောင်သူများ ပဲတီစိမ်းရရှိမှုနည်းကြကြောင်း သိရသည်။
ပဲတီစိမ်းကောက်သမတစ်ဦးလျှင် တစ်နေကုန် လေးထောင်ငါးရာကျပ်ပေးရပြီး၊ ပဲတီစိမ်းအရွက်ခြောက်များကြွေကျခြင်းဖြင့် ယာခင်းအတွက်မြေဩဇာ၊ မြေဆီမြေနှစ်အလွန်ကောင်းခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုးခြင်းအား အလှည့်ကျစိုက်ပျိုးကြကြောင်းသိရပြီး ပဲတီစိမ်းတစ်တင်း ခြောက်သောင်း ဈေးပတ်ချာလည်ရောင်းချရခြင်းကြောင့် ပဲတီစိမ်း စိုက်ပျိုးတောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။
ကိုကြေးမုံ