သံတောင်ကြီး အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာအောင်သင်းရေး၏ လူငယ်ရဲ့ဘဝနှင့် တန်ဖိုးကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီး ပြည်သူ့စာကြည့်တိုက်Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်အေးကြည်ဖော (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် ကိုယ်တိုင်တိုက် တွန်းချီးမွမ်းစိတ်တူ၊ ခွင့်လွတ်သော စိတ်မျက်စိနဲ့ကြည့်ကြပါ၊ ဘဝရဲ့အဓိပ္ပယ်၊ အချိန်ကိုဘယ်လို အသုံးချရမလဲ၊ စသည်တို့ကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စောလိုဖိုး(Book Club ) အဖွဲ့ဝင်က အိမ်ထောင်ဖက် ရွေးချယ်နည်း၊ စွဲမက်ခဲ့သော ညီမျှခြင်း၊ လုပ်အားနှင့်တည်ဆောက်ထားတဲ့တန်ဖိုး၊ မိမိကိုယ်ကိုထွန်ယက်ခြင်းစသည့် အကြောင်းအရာများကိုဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါ ကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ