လိပ်သိုမြို့တွင် ဂေါ်ရခါးသီးများ တိုးချဲ့စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

လိပ်သို  အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုအခါ မိသားစု  စားဝတ်နေရေးအတွက် တစ် ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ဂေါ်ရခါးသီးတိုးချဲ့စိုက် ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ မိသားစု အပိုဝင်ငွေရရှိပြီး  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံများမှာ ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးလေ့မရှိကြသော်လည်း ယခင်က ဂေါ်ရခါးသီးကို စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက်သာ မိမိတို့၏  အိမ်ခြံဝန်းအတွင်းတွင် ဖြစ်သလိုစိုက်ပျိုးခဲ့ကြရာမှ ယခုအခါ စားသုံးသူများပြားလာ၍ ဈေးကောင်းရရှိလာသောကြောင့် စနစ်တကျ တိုးချဲ့စိုက်ပျိုးလာကြရာ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

ဂေါ်ရခါးသီးများကို လိပ်သိုမြို့ပေါ် ဈေးဆိုင်များတွင် လက်လီဈေး တစ်ပိဿာကို ကျပ် ၁၀၀ဝိ/- ဖြင့် ပို့ဆောင်ရောင်းချလျက်ရှိပြီး အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ ပို့ဆောင်ရောင်းချနိုင်ရန် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း အမှတ် (၄) ရပ်ကွက် ဂေါ်ရခါးသီးစိုက်ပျိုးသူ ဒေသခံတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)