လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် “ ဆီထွက်သီးနှံအကြောင်း သိကောင်းစရာ ” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

လိပ်သို  အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး “ဆီထွက်သီးနှံအကြောင်း သိကောင်းစရာ ” အသိပညာပေး ဆွေးနွေးပွဲ  (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလင်းအောင်က လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုလာမည့် မိုးစပါးအပြီး လယ်မြေများ၊ ယာမြေများမှာလည်းဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ပြီး အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လာမည့် ၂၀၂၂-၂၀၂၃ မိုးရာသီမှာ အထွက်နှုန်း ကောင်းမွန်သော (ဆင်းပဒေသာ-၁၁) မျိုး စိုက်ဧကများ တိုးတက်ရေးကို မျှော်မှန်းထားကြောင်း၊ နေကြာစိုက် မည်ဆိုပါက စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးနိုင်ပြီး မြေအစိုဓာတ်ကောင်းပါက စပါးအပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်လည်း စိုက်ပျိုးနိုင်ကြောင်း၊ နေကြာကို ဆီထုတ်ရန် စိုက်မည်ဆိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားသည့် ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေနေကြာ-၂ မျိုးများကို စိုက်ပျိုးသင့်ပါကြောင်း ဆွေးနွေးခဲ့ သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိ ပညာပေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများ  (Talk Show) များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)