ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်း၌ Steel Structure (၁)ထပ်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည်   အောက်တိုဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဆောင်လိုအပ်ချက်အရ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Steel Structure (၁)ထပ် ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၄၀)ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်အား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၂၇.၈၈၀)ကျပ်သန်းဖြင့် Diamond ကုမ္ပဏီမှ တာဝန်ယူကာ အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ၊ Steel Structure (၁)ထပ်ကျောင်းဆောင် အသစ်(၁)ဆောင်ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းဆောင်အသစ် ရေရှည်တည်တံ့ခိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်တိုင်းကျေးရွာ အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ KGတန်းတွင်(၆၇)ဦး၊ Grade-1 တန်းတွင်(၇၀)ဦး၊ Grade-2တန်းတွင် (၆၂)ဦး၊ Grade-3တန်းတွင်(၅၃)ဦး၊ Grade-4တန်းတွင် (၄၈)ဦး၊ Grade-5 တန်းတွင် (၃၆)ဦး၊ Grade-6တန်းတွင် (၅)ဦး၊ Grade-7တန်းတွင် (၃၁)ဦး စုစုပေါင်း ကျောင်း သား/ကျောင်းသူ(၃၇၂)ဦး ပညာသင်ယူလျက်ရှိပြီး ကျောက်ဆည်မြို့နယ်တွင် အမက(၁၃၀)ကျောင်း၊ မူလွန်(၂၅) ကျောင်း၊ အလက(ခွဲ) (၉)ကျောင်း၊ အလက(၂)ကျောင်း၊ အထက(ခွဲ)(၉)ကျောင်းနှင့် အထက (၁၁)ကျောင်း စုစုပေါင်း(၁၈၆)ကျောင်းရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပညာရေးကဏ္ဍ လိုအပ်ချက်အရ အခြေခံပညာကျောင်း(၁၄)ကျောင်းတွင် ကျောင်းဆောင်အသစ် (၁၄)ကျောင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်