ချောင်းဆုံမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာန တာဝန်ရှိသူများ စစ်ကြောင်း(၅)ကြောင်း ဖြင့်ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရေး ကွင်းဆင်းဆောင်ရွက်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ယမန်နေ့က၊ ရွာလွတ်ကျေးရွာဘက်စုံသုံး ခန်းမတွင်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။