တနင်္သာရီမြို့နယ်တွင် (၆၁)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ကို  စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ

တနင်္သာရီ အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် ချောင်းကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်း၏ (၆၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ငွေပဒေသာပင်နှင့် ပစ္စည်းပဒေသာပင်များကို ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် ပူဇော်ခံခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူ‌‌ဇော်ခြင်းကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်(၂)နှစ်တာ ကာလတွင် ကျင်းပခြင်းမရှိပဲ ရပ်နားထားခဲ့ရာမှ ယခု၂၀၂၂ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)