တံတားဦးမြို့ သမိုင်းဝင်မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားစာရေးတံမဲနှင့် ဆွမ်း ၊ ဆွမ်းဟင်းများ လောင်းလှူပွဲစည်းကားသိုက်မြိုက်စွာကျင်းပ
တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် တဲတော်ရာရပ်ရှိ သမိုင်းဝင် မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားတွင် စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူပွဲကို ယနေ့နံနက်(၈)နာရီကအဆိုပါဘုရား အာရုံစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။