မိုင်းခုတ်မြို့၌ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်း ၆၆/၁၁ KV မိုင်းခုတ်ဓာတ်အားခွဲရုံ တည်ဆောက်

မိုင်းခုတ် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများ လူမှုဘဝနေထိုင်မှု အဆင့်အတန်းမြင့်မားစေရန် ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်း ၆၆/၁၁ KV မိုင်းခုတ် ဓာတ်အားခွဲရုံကို အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်)အတွင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်း ၆၆/၁၁ KV မိုင်းခုတ်ဓာတ်အားခွဲရုံတွင် အလျား ၅၈ ပေ၊ အနံ ၃၀ ပေရှိ RC တစ်ထပ်အမျိုးအစား ထိန်းချုပ်ခန်း၊ Switch yardနှင့် အရှည် (၁၅၀၀)ပေရှိ ဝန်းခြံစည်းရိုးအုတ်တံတိုင်းတို့ကို ထူးမြတ်မြန်မာကုမ္ပဏီမှ တာဝန်ယူကာ  စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)