ကျိုင်းလပ်မြို့၌ စာဖတ်ဝိုင်းပြုလုပ်

ကျိုင်းလပ် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) က ကျင်းပပြုလုပ် သည့်  စာဖတ်ဝိုင်းကို အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း ဦးယာရိုးက စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားထားသည့် လူငယ်နှင့်ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပ ပြုလုပ်ရာ   စာပေချစ်မြတ်နိုးသူများအသင်း ဒေါ်ရွှေ၀င်းက တန်ဖိုးအရှိဆုံးအရာနှင့် အောင်မြင်မှုခရီးခေါင်းစဉ်ပါ အကြောင်းအရာ များကိုလည်းကောင်း၊ ဒေါ်နာဆဲက လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ပါ အကြောင်းအရာများ၊ လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မေဇင်ဦး(ပြန်/ဆက်)