ကရသူရိ အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ရှောက်သီးများ ဈေးကောင်းရရှိသဖြင့် ရှောက်ပင်စိုက်ပျိုးထားသူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရာတွင် မျိုးစေ့ချ၍ စိုက်ပျိုးခြင်းမရှိဘဲ အပင်ကိုင်းကူး၍သာ စိုက်ပျိုးပြီး အပင်များကို တစ်ပင်နှင့်တစ်ပင် (၁၅) ပေခန့်အကွာ စိုက်ပျိုးကြကြောင်း၊ ရှောက်သီးတစ်လုံးကို (၈၀၀) ကျပ်ရရှိပြီး တစ်ပင်ခူးလျှင် ခန့်မှန်ဝင်ငွေ (၁၂၀၀၀) ကျပ်ရရှိကာ အပင်ရေများများစိုက်ပျိုး ထားသူများအနေဖြင့် မိသားစုစားဝတ်နေရေး ဖူလုံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှောက်သီးသည်ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ပါးသီရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို လျင်မြန်စွာ ကျဆင်းစေခြင်း၊ မူးဝေအော့အန်ခြင်း၊ ရင်ပူခြင်း၊ သွေးထဲမှအညစ်အကြေးများကို ဖယ်ရှားခြင်းနှင့် သည်းခြေတွင်တည်သော ကျောက်များ ပျော်ဝင်စေရန်ကူညီပေးသည့် အစွမ်းထက်သော ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်၍ ဒေသခံအများစုက ရှောက်ရည်ပြုလုပ်ရန်နှင့် အသုပ်သုတ်စားရန် လာရောက်ဝယ်ယူသူများသဖြင့် ခြံပိုင်ရှင်များနေ့စဉ် ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)