ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၄၃၆၇၇၂)ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည်  စက်တင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ကာကွယ်ဆေး (၄၃၆၇၇၂)ဦး ထိုးနှံပြီးဖြစ်ကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို အသက်(၅)နှစ်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများမှစတင်ပြီး ထိုနှံပေးလျက်ရှိရာ ပထမအကြိမ် (၂၁၁၂၄၂)ဦး၊ ဒုတိယအကြိမ် (၁၉၀၂၉၃)ဦး၊ တတိယအကြိမ်တွင်(၃၂၄၆၂)ဦးနှင့် စတုတ္ထအကြိမ်(၂၇၇၅)ဦး စုစု ပေါင်း(၄၃၆၇၇၂)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် လွှမ်းခြုံနိုင်မှုရှိရေး မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များ ပူးပေါင်း၍ စုကြီးရက်ကွက် မြို့တော်ခန်းမနှင့်  သတ်မှတ်နေရာများတွင် ကာကွယ်ဆေးများ လာရောက်ထိုးနှံရေး ဆော်ဪခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။     

သက်မောင်(ကျောက်ဆည်)