ဒေးဒရဲမြို့နယ် မြတ်စေတနာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်း

ဒေးဒရဲ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ကြီးရွယ်အိုများ၏ ဘဝသာယာစိုပြည်စေရေး၊ လုံခြုံသော လူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၁၀) နာရီက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ်အဖြစ် ဒေးဒရဲမြို့နယ် မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ထောက်ပံ့ ငွေများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် အလှူငွေများပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နီနီမြင့်နှင့် လူမှုရေးအသင်းတာဝန်ရှိသူများက မြတ်စေတနာဘိုးဘွားရိပ်သာရှိ ဘိုးဘွား ()ဦးအား တစ်ဦးလျှင် အလှူတော်ငွေ (၁၅၀၀၀) ကျပ်နှင့် ဂါရဝပြု လက်ဆောင်ပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ရာ အဘိုး၊ အဘွားများက ဆုတောင်းမေတ္တာစကားပြောကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း