လှိုင်းဘွဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign  စုပေါင်းဆောင်ရွက်

လှိုင်းဘွဲ  အောက်တိုဘာ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊()ရပ်ကွက်၊ ကုန်သည်လမ်း၊ စည်ပင်သာယာ မြို့မဈေးရှေ့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးနှင့်ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာကြသူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်၍သွားလာကြရန် အသိပညာပေးပြောကြားပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် နာရီအချိန်က ဌာနဆိုင်ရာများစုပေါင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါ Mask Campaign  ဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်နှင့် ကျန်းမာရေး ဝန် ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊   ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ စုပေါင်း၍ ခရီးသွားပြည်သူများ၊ ဈေးရောင်း/ဈေးဝယ်ကြသူများ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနှင်းကြသူများအား ကိုဗစ်-၁၉ရောဂါ ကြို တင်ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း Mask (၁၅၀၀) ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး တစ်ခါတည်း တပ်ဆင်စေရန် ပညာပေး စည်းရုံးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)