ကျောင်းကုန်း အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက စီးပွားကူးသန်းဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတစ်ခုဖြစ်ကြောင်း၊ ဌာနရဲ့မျှော်မှန်းချက်က စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန် ဖြစ်ကြောင်း၊ ဌာနရဲ့ရည်မှန်းချက်က (၃)ခုရှိကြောင်း၊ ပထမ တစ်ချက်က စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ဒုတိယတစ်ချက်က ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက်ရန်နှင့် တတိယအချက်က ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲရေးနှင့် သုတေသနဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
"ကျွန်တော်တို့ဌာနက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကတော့ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက် များနှင့် အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်"၊ စားသုံးသူကာ ကွယ်ရေးဥပဒေ အသစ်ကို (၁၅-၃-၂၀၁၉) ရက်နေ့မှာ အဆည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ စားသုံးသူကာကွယ်ရေး ဥပဒေအသစ်မှာ အခန်းပေါင်း(၂၅)ခန်းနှင့် ပုဒ်မပေါင်း (၈၄)ခု ပါဝင်ပါတယ်၊ တူရာကဏ္ဍကို စုလိုက်ရင်ကဏ္ဍ(၆)ခု တွေ့ရမှာဖြစ်ပါ တယ်" ဟု ပြောကြားခဲ့သည်။
စားသုံးသူဆိုတာဟာ ဝယ်/ရ/သုံး/ချေးငှား(သို့) ပေးကမ်းထောက်ပံ့ခြင်း ခံရသူဖြစ်ကြောင်းနှင့် စားသုံးသူ ကာကွယ်ရေးဆိုတာဟာ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးခြင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် အကြား ကော်မတီအဆင့်ဆင့်မှ သတ်မှတ်ဆောင်ရွက် ပေးသောမျှတမှုရှိသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်းနှင့် စားသုံးသူများ ကုန်ပစ္စည်းဝယ်ယူပါက ကုန်ညွှန်းအမှတ်အသား(၈)ချက်ကို သတိပြု၍ဝယ်ယူရန် ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)