ချောင်းသာ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နေပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်/လမ်း အန္တရာယ်ကင်းဝေးစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက ချောင်းသာမြို့ ပုသိမ်-ချောင်းသာ ပင်မ လမ်းကြီးတွင် အသိပေး၊ သတိပေး ဆိုင်းဘုတ်များစိုက်ထူခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်/လမ်း စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့များက လူသွား လူလာများ ပြားသည့် လမ်းဆုံ၊ လမ်းခွ (၅)နေရာတွင် ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြသည်။
ချောင်းသာမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေး ခြင်းနှင့် အသိပညာ ပေးခြင်းများကို လည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဖြတ်သန်း သွားလာနေသည့် ယာဉ်များအား ယာဉ်အန္တရာယ် ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာ အချက်များ၊ ယာဉ်မောင်း နှင်သူ တစ်ဦး လိုက်နာရမည့် စည်းကမ်းချက်များ ဆိုင်ကယ်၊ သုံးဘီး မောင်းနှင်ရာတွင် သတ်မှတ်စည်း ကမ်းနှင့်အညီ မောင်းနှင်ခြင်း ရှိ/မရှိ၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်း၍ မောင်းနှင်ခြင်း ရှိ/မရှိ၊ အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်း ရှိ/မရှိ၊ ဥပဒေနှင့် မလွတ်ကင်းသည့်ပစ္စည်းများ တင်ဆောင်လာခြင်း ရှိ/မရှိ စသည်တို့ကို နေ့စဥ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)