ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် လိုအပ်သည့်မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများ ထုတ်ချေးပေးခြင်းနှင့် နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ပြုလုပ်ခဲ့သည်။

သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအလိုက်မဲ ရုံများလျာထားသတ်မှတ်နိုင်ရေးနှင့် လူဦးရေစာရင်းပါ အချက်အလက်များပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊   သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအလိုက် မဲရုံများလျာထား သတ်မှတ်နိုင်ရေးနှင့်လူဦးရေစာရင်းပါ အချက် အလက်များ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး  PR စနစ်အကြောင်း  ရှင်း လင်းဆွေးနွေးပွဲကို   ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့ အမှတ်(၄)ရပ်ကွက်တွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်းမျိုးစိတ် BA.4,BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက်အတွင်းနေထိုင်ကြသောပြည်သူများအားသိရှိစေရန်အတွက်  ဘုရားသုံးဆူမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်းမျိုးစိတ် BA.4, BA.5 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း သံတွဲမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ် (Community Centre) ခန်းမ၌ ဗိုလ်ချုပ်​အောင်ဆန်းပုံတူ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်း​​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန (Community Centre) ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယ​မန်နေ့ နေလယ် ၁ နာရီအချိန်က စတင်၍ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ‌အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်၊ အရွှဲကျေးရွာရှိ ရွှေဝါနဒီဆန်စပါးကြိတ်ခွဲရေး စက်ရုံသို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ပိုင်ရှင်ဦးလူ‌မော်မြင့်မောင်က လုပ်ငန်းလည်ပတ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံဝန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။

ပင်းတယမြို့နယ်မှ ငရုပ်ဗွစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ပင်းတယမြို့နယ်မှ ငရုပ်ဗွစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိလျက်ရှိသည်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဝူရှူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဝူရှူး(ထောက်လု/ဆန်းဆို) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း Multipurpose Stadiumi ၌ နံနက်(၈)နာရီတွင် ကျင်းပခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း အောက်တိုဘာလ ၇ ရက်နေ့ညက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဒိုက်ဦးမြို့နယ် အတွင်းရှိ အချို့ကျေးရွာများ၌ လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။

သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု ဇတ်တိုက်လေ့ကျင့်

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များနှင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေအား ဇတ်တိုက်လေ့ကျင့်မှု အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ၊ သဘာဘေးခိုလှုံရာ အဆောက်အဦးရှေ့တွင်ပြုလုပ်ခဲ့သည်။
Subscribe to