သာယာဝတီမြို့ အလယ်ကုန်းရပ်ကွက် ရတနာလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်

သာယာဝတီ အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ အလယ်ကုန်းရပ်ကွက် ရတနာလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းမျာအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်နေပြည်သူများကလည်း စုပေါင်း၍ မိမိတို့ရပ်ကွက်အတွင်းရှိ လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ အလယ်ကုန်းရပ်ကွက် ရတနာလမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှအရှည်  ၈၀၀ ပေ၊ အကျယ် ၁၂ ပေ၊  ထု ၈ လက်မရှိသည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)