­နမ့်စန်တွင် တောင်သူများကို နေကြာမျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်၍ နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြသ

နမ့်စန်() အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြိုနယ်တွင် တောင်သူများကို နေကြာမျိုးစေ့၊မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်()ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိူးထားသည့် နေကြာမျိုးစေ့ထုတ် ဧက(၅၀) စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးချိုနိုင်ထွန်းက နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မျိုးစေ့နှင့် မြေဩဇာများထောက်ပံ့ခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ အမှတ်(၇၃) သံချပ်ကာတပ်မမှူး ဗိုလ်မှူးချုပ် ညီညီဝင်း၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းတို့က အခမ်းအနားတက်ရောက်လာသော ဘန့်ဟင်၊ မိုင်းစိတ်၊ မက်မွန်မုန်း၊ ဝမ်ပုံ၊ ဟိုက်ဖတ်၊ လွိုင်ယဲနှင့် အမှတ်() ကျေးရွာအုပ်စုတို့ရှိ တောင်သူများအား ဆင်းရွှေကြာ()နေကြာ မျိုးစေ့ဧက(၁၀၀)စာနှင့် ယူရီးယားဓာတ်မြေဩဇာ (၅၀ kg) အိတ် (၁၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ တောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးဆောင်ရွက်ထားသည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းကို ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)