ငါ့သရောက်မြို့ အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က လယ်ယာမြေစီမှန်ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူတိုးပွားလာစေရန် ရည်ရွယ်၍ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးနေခြင်းဖြစ်သည်။ Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ကာတွန်းအပါဝင် စာအုပ်မျိုးစုံကို လာရောက်ငှားရမ်းသည့်အခါ စာဖတ်ပရိသတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်များကို (၄)ရက်မှ (၆)ရက်အထိ အခမဲ့ငှားရမ်းကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့အပြင် မြို့ရုံးစာကြည့်တိုက်တွင်လည်း အသင်းဝင်လျှောက်ထားပြီး စာအုပ်စာစောင်များကို အခမဲ့လာရောက် ငှားရမ်းကြည့်ရှုနိုင်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
ထို့သို့ (Mobile Library) စနစ်ဖြင့် သွားရောက်ကာငှားရမ်းခြင်းဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအနေဖြင့် စာပေနှင့်ဝေးကွာခြင်းမရှိဘဲ အဆင်ပြေစေရန်နှင့် အချိန်ကုန်သက်သာပြီး စာပေများဖတ်ရှုစေရန်ရည်ရွယ်ပြီး ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
P.W.A(ပြန်/ဆက်)