ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

ပုသိမ်ကြီး အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show  ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး  Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်မာအေးနှင့် မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်   စာရေးဆရာမ စုလှိုင်(ပြန်/ဆက်)က စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများဖြစ်သည့် စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့် စိတ်ဓာတ်ခွန်အားများရရှိစေခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ်မြင့်မားလာခြင်း၊ စိတ်ဖိစီးမှုများလျော့နည်းစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေပြီး လူငယ်လူရွယ်များအား စာဖတ်ခြင်းအလေ့အကျင့်ကို တယ်လီဖုန်းဖြင့်ဖြစ်စေ၊ စာအုပ်စာစောင်ဖြင့်ဖြစ်စေ တစ်ရက်လျှင် မိနစ် ၃၀ မှ တစ်နာရီအထိ စာဖတ်ကြစေလိုကြောင်း ဆွေးနွေးခဲ့ပါသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများအား ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် Talk Show အစီအစဉ် များကို   စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)