ရှမ်းရွာသစ် အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မျိုးကွဲသစ်အိုမီခရွန်မျိုးစိတ်သည် ကိုဗစ်-၁၉ ရောဂါကူး စက်ခံရဖူးသူများလည်း ပြန်လည် ကူးစက်နိုင်သည့်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက် စွာလျော့ချနိုင်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ဒေသနေပြည်သူများအနေဖြင့် မိမိ၏ အိမ်အတွင်းသာနေထိုင်ကြရန်၊ ပြင်သို့ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်၊ နှာခေါင်းစည်း မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို တတ်နိုင်သလောက်ရှောင်ကြဉ်ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်များကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် မကြာခဏဆေးကြောကြရန်စသည့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများနှင့် ဈေးဆိုင်များတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)