မောက်မယ်မြို့ စျေးတန်းရပ်ကွက်၌ ယနေ့နံနက် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

မောက်မယ် အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်အတွင်း လူနေအိမ်တစ်လုံး ယနေ့နံနက် ၁ နာရီကျော်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသည်ယာဉ်(၁)စီးနှင့်ပြည်သူများတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာနံနက် ၂ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီးဖိုဆောင်ရှိ ရေခဲသတ္တာအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးဖိုဆောင်မှတစ်ဆင့် အုပ်ညှပ် ၂ ထပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်အပေါ်ထပ်ပေ (၄၀×၃၀) မီးလောင်ကျွမ်းခဲ့ပြီး လူ၊ တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)