ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦး မြို့နယ် ပုဂံမြို့ဟောင်းရှိရတနာမာရ်အောင်ကျောင်းတိုက်အတွင်းခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ညောင်ဦး အောက်တိုဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် ပုဂံမြို့ ဟောင်းရှိ ရတနာမာရ် အောင်ကျောင်းတိုက် ဝင်းအတွင်းခြင်းဆေးဖျန်းခြင်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များတူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်းကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အတွက်နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ခြင်လောင်းသားပေါက် လောက်လောင်းကောင်များ ပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့်တာယာကွင်းများအားဝင်ရောက်နေသည့် ရေများကို သွန်ပစ်ခြင်း၊ ပေါင်းမြက်များတွင်ကပ်ညှိပေါက်ပွားနိုင်သည့် လောက်လောင်းကောင် များအားဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ယနေ့တွင်လည်း ပုဂံမြို့ဟောင်းရှိရတနာမာရ်အောင်ကျောင်းဝင်းအတွင်းခြင် ပေါက်ပွားနိုင်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကျောင်းတိုက်ဝင်းအတွင်းဆေးဖျန်းခြင်းများ ညောင်ဦးမြို့၊ အမှတ်၅အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်(၅)အရန် မီးသတ်သို့အကူ အညီတောင်းခံနိုင်ကာ ၀၉၄၀၁၃၄၄၀၅၇ ၊၀၉၈၈၀၁၅၁၁၉၁၊ သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ကိုကြေးမုံ