သနပ်ပင် အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်၍ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မြင့်က ရာသီတုပ်ကွေးရောဂါဆိုသည်မှာ ခန္ဓာကိုယ်ပြင်ပက အာပေါဓာတ်ပါတ်ဖွဲ့မှုအားကြီး၊ ခန္ဓာကိုယ်အတွင်းမှ တေဇောဓာတ်နှင့် ဝါယောဓာတ်တို့ အကျဉ်းကျပြီး ဖြစ်လာတဲ့ အဖျားမျိုးဖြစ်ပါတယ်၊ တုတ်ကွေးရောဂါက ဒေသမရွေး ဖြစ်တတ်သလို အများအားဖြင့် ရာသီအကူးအပြောင်းတွေမှာ အဖြစ်များပြီး အပူအအေးအားပြိုင်တဲ့ကာလတွေမှာ အများဆုံးဖြစ်တတ်ပါတယ် အသက်အရွယ်မရွေး ရုတ်တရက်ဖြစ်ပေါ်လာတတ်တဲ့ အဖျာမျိုးဖြစ်တယ် တုတ်ကွေးရောဂါဖြစ်လျှင် အဓိကရှောင်ကျဉ်ရမှာက အေး၊ ချို၊ ဖန် အရသာရှိသော၊ ကျက်ခဲသောအစာများ လက်လုပ်ချဉ်နှင့် လတ်ဆတ်မှုမရှိသော အသားငါးနှင့် ဟင်းသီးဟင်းရွက်စသည့်များကို ရှောင်ကျဉ်စားသုံးသင့်ကြောင်း ပြောဆိုဆွေးခဲ့ကြောင်းသိရသည်။
လှမိုး(ပြန်/ဆက်)