တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

တနိုင်း အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီက တနိုင်းမြို့ လီဒိုလမ်းမကြီးပေါ်ရှိ တံတားထိပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ မြို့နယ်လဝက၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်းသွားလာကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ် မိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များကို ဆက်လက်လိုက်နာ ကျင့်သုံးကြရန်၊ ပါးစပ်နှာခေါင်းစည်း Mask ကို လူထူထပ်သော နေရာများသို့ သွားလာပါက စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း (Mask) အခုရေ (၅၀၀) အား အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မနောမြေ(တနိုင်း)