မအူပင်ခရိုင်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန် အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

မအူပင် အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်အကြောင်း သိကောင်းစရာ အသိပညာ‌​ပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပါစစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ သိကောင်းစရာများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအသိပညာ‌ပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်မှူး ဦးအောင်ဇော်ဦးက ပြည်သူတိုင်းဟာ စားသုံးသူဖြစ်ကြောင်း၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေး ရှိကြောင်း၊ စစ်ဆေးရေးအရာရှိ၏ တာဝန် ၂ ရပ် ရှိကြောင်း၊ တာဝန်နှင့် လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုအားစစ်ဆေးရန်နှင့် စောင့်ကြည့်စစ်ဆေးရန်မှာ စစ်ဆေးရေးမှူး၏ တာဝန်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်အနေဖြင့် ၁၁ ချက်ရှိကြောင်း ထိုလုပ်ငန်းတာဝန်များအား စစ်ဆေးပေးလျက်ရှိကြောင်း၊ စစ်ဆေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကူအညီကို ရယူဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါစျေးကွက် ရောက်ရှိ၊ စျေးကွက်စောင့်ကြည့် ခြင်းများအသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး စျေးကွက်စောင့်ကြည့်မှုအား ရပ်ကွက်များရှိစျေးဆိုင်များ၊ စျေးများတွင် လိုက်လံစစ်ဆေးလျက် ရှိကြောင်း စားသုံးသူများအနေဖြင့် www.doca.gov.mm စားသုံးသူဦးစီးဌာနရဲ့ ဝက်ဘ်ဆိုဒ်မှတဆင့်ဖြစ်စေ၊ DOCA Myanmar Application မိုဘိုင်းအပလီကေးရှင်းမှ တဆင့်ဖြစ်စေ၊ www.facebook.com/DOCA.NPT ဖေ့စ်ဘွတ် စာမျက်နှာမှ တဆင့်ဖြစ်စေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများနှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)များတွင် လူကိုယ်တိုင်ဖြစ်စေ သွားရောက်တိုင်ကြားနိုင်ကြောင်း စသည့်တို့အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မအူပင်ခရိုင်ပြည်သူ့ စာကြည့်တိုက် Facebook Page တွင်လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)