ရှင်ဗွေယန် အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ကို အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၇ နာရီတွင် မြို့စည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဌ ဦးလွင်ဦးမှ Mask campaign ပြုလုပ်ခြင်းသည် ကိုဗစ်-၁၉ ရောဂါ တကျော့ပြန် ဖြစ်ပွားလျက်ရှိနေခြင်းကို မိဘပြည်သူများ ကြိုတင်ကာကွယ်သည့်အနေဖြင့် စနစ်တကျ နှာခေါင်းစည်း Mask တပ်ခြင်းများရှိစေရန် ရည်ရွယ်၍ ပြုလုပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့က ပူးပေါင်းကာ Mask အခုရေ (၂၀၀) ခန့်အား အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
ရှင်ဗွေယန်( ပြန်/ဆက် )