ညောင်ဦးမြို့နယ်တွင် အခြေခံစားသောက်ကုန်များဈေး နှုန်းချိုသာစွာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပြည်သူများအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ပန်းတောင်းတပ်နယ်မှ အရာရှိစစ်သည်များ တပ်မတော် မိသားစုဝင်များ၊ ညောင်ဦးမြို့၊ အမှတ်(၄၁၅)ခြေမြန်တပ်ရင်းမှ တပ်မတော်မိသားစုဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအား ယနေ့နံနက် ၇ နာရီခွဲအချိန်က ရွှေစည်းခုံဘုရားကြီး တောင်ဘက် ကွင်းပြင်ကျယ်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြိုန့ယ်  ကြက်မောက်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နံက်ပိုင်းကအ.ထ.က (ခွဲ)ဒန့်ဒလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးကဗျာနှင့် သက်ဆိုင်သော အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Book Club) အဖွဲ့ဝင်များနှင့် လူငယ်များက စာရေးဆရာ သက်ဦးခင် ရေးသားသော "ဖူးစီဝေလန်း ရောင်စုံပန်း ကလေးကဗျာများ "စာအုပ်ဖြင့် ကဗျာနှင့်သက်ဆိုင်သော အသိပညာ‌ပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

မိုးချည်မျှင်ရွှေဝါ(ရွှေတောင်-၁၀) မျိုးစေ့ထုတ် စံပြကွက်(၁၀)ဧက အပင်အောင်မြင် ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ တည်ပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၆၈၆) တောင်သူ ဦးဘိုလင်း၏ ယာမြေတွင် မိုးချည်မျှင်ရွှေဝါ (ရွှေတောင်-၁၀)မျိုးစေ့ထုတ် စံပြကွက် (၁၀)ဧက အပင်အောင်မြင် ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲကို  ယနေ့နံနက်(၀၇:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်စေရန်၊ စာကြည့်တိုက်သို့ အမြဲလာရောက်၍ စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ(၃)နာရီအချိန်က ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်သည်။

နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီအချိန်မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ဝေါမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား Mobile Library စနစ်ဖြင့် ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်း က Mobile library စနစ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနများသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ဆောင်ရွက်ကြသည်။

ထားဝယ်မြို့ရှိ ဆေးဆိုင်များတွင် ဆေးဝါး/ ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှု စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့် ညီ/မညီ ရောင်းချနေမှုကို တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ယမန်နေ့ညနေပိုင်း က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ဆည်အောင်ကုန်းကျေးရွာမှ မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူများအား (၇) ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်အောင်ကုန်းကျေးရွာတွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား (၇) ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Subscribe to