ဝေါမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား Mobile Library စနစ်ဖြင့် ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဝေါ အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်း က Mobile library စနစ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနများသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ဆောင်ရွက်ကြသည်။

ထိုသို့ Mobile library စနစ်ဖြင့် စာအုပ်စာစောင်ပြသခြင်းနှင့် ငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေကိုအလွယ် တကူလေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဂျာနယ်များစသည့် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ကို   Mobile library စနစ်ဖြင့် ငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား Mobile library စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်း၊ ဖတ်ရှုပြီးစာအုပ်များ ပြန်လည်သိမ်းခြင်း၊ အသစ်ထပ်မံငှားရမ်း ဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)