ပန်းတောင်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နံက်ပိုင်းကအ.ထ.က (ခွဲ)ဒန့်ဒလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူးဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့်ပတ်သတ်သောအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက်အားကစားသရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်၍ အားကစားမှူးဒေါ်စောမာလာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုဆွေထံသို့ အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)