ထားဝယ်မြို့ရှိ ဆေးဆိုင်များတွင် ဆေးဝါး/ ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှု စစ်ဆေး

ထားဝယ်    အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့် ညီ/မညီ ရောင်းချနေမှုကို တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ယမန်နေ့ညနေပိုင်း က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်၍ ထားဝယ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင် ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့များက ထားဝယ်မြို့နယ်​ ဆေးရုံလမ်းရှိမောင်မောင်မြင့်လွင်၊ မြင့်​သော်တာ၊ ကိုတင့်၊ ​မြတ်သီရိ(၂)၊ ပန်းသစ်ဆန်း၊ လမင်းအိမ်နှင့်​အောင်ဆေးဆိုင် (၇) ဆိုင်တို့တွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့် ညီ/မညီ၊ ကောင်းမွန်သော ဆေးဝါးသိုလှောင်မှုရှိ/မရှိ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်၊ လိုင်စင်မဲ့၊ ဆေးဝါးများ၊ ကမ္ဘာ့ကျန်းမာ​ရေး အဖွဲ့မှအသက်အန္တရာယ်ရှိနိုင်ကြောင်းနှင့် ဂမ်ဘီယာနိုင်ငံအ​ပြင်အ​ခြားနိုင်ငံများသို့​​ ဖြန့်ဖြူးနိုင်​ကြောင်းဖော်ပြထားသည့် Maiden Pharmaceuticals Ltd,India ထုတ် Diethylene glycol နှင့် ethylene glycol အရောအ​နှောများပြားစွာပါဝင်​​​နေသည့်​ ချောင်းဆိုး​ပျောက်​ဆေးရည်များ ရောင်းချခြင်းရှိ/မရှိ နှင့် online မှတရားမဝင် ကြေငြာသောအန္တရာယ်ရှိ ဆေးဝါးများအား ကြည်ရှုစစ်ဆးပြီး မရောင်းချရန် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ဆေးဆိုင်များတွင် ၂ ဒီကရီ ဆယ်စီရပ်စ်မှ ၈ ဒီကရီ ဆယ်စီရပ်စ်အတွင်း အပူချိန် တွင်ထားရှိရမည့် မျက်စဉ်း၊ ​မေးခိုင်ကာကွယ်ဆေး၊ အင်ဆူလင်စသည်တို့အား မှန်ကန်သော အပူချိန်တွင်သာ သိမ်းဆည်းရန် အသိပညာပေးပြောကြားပြီး ဆေးဆိုင်များတွင် လာရောက်ဝယ်ယူ သူများအား ဆေးဝါးဝယ်ယူရာတွင်လိုက်နာရမည့် အချက်များပါဝင်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးကာ ဆိုင်များမှ ရင်ကြပ်​​ပျောက် ​ဆေး(၂)မျိုးကို စံချိန်စံညွှန်းကိုက်ညီ​ခြင်းရှိ/ မရှိ Mini labဖြင့် စစ်ဆေးရန် နမူနာဝယ်ယူခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)