ပန်းတောင်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်စေရန်၊ စာကြည့်တိုက်သို့ အမြဲလာရောက်၍ စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ(၃)နာရီအချိန်က ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား အသိပညာပေးဟောပြော၍ ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ကျောင်းသား၊ သူများက ပါဝင်ယှဉ်ပြိုင်ကာ ဦးစီးအရာရှိက အမှတ်တရပစ္စည်းလက်ဆောင်များ ပေးအပ်ခဲ့၍ စာအုပ်စာစောင်များ နှင့်နံရံကပ်စာစောင်အားပြသကာ ကျောင်းသား၊ သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြာင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)