မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးကဗျာနှင့် သက်ဆိုင်သော အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

မိုင်းလုံ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က    လူထုအခြေပြုဗဟိုဌာန   (Community  Centre)  ခန်းမတွင် (Book Club) အဖွဲ့ဝင်များနှင့် လူငယ်များက စာရေးဆရာ သက်ဦးခင် ရေးသားသော "ဖူးစီဝေလန်း ရောင်စုံပန်း ကလေးကဗျာများ "စာအုပ်ဖြင့်   ကဗျာနှင့်သက်ဆိုင်သော အသိပညာ‌ပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ကဗျာသည်အရာရာကို ပြောဆိုခြင်းနည်းတကာတွင် အလှဆုံးဖြစ်သောနည်း၊ အကောင်းဆုံး စွဲထင်စေသောနည်း၊ အကျယ်ပြန့်ဆုံး ထိရောက်သောနည်း အထိဆုံး၊ အမိဆုံး၊ အငြိဆုံးနည်း ဖြစ်သောကြောင့် ကဗျာကိုချစ်မြတ်နိုးစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှေ့ဦးစွာပြောကြားပြီး (Book Club) အသင်းမှ ဒေါ်နန်းပီးက ကလေးငယ်များကဗျာကို စိတ်ဝင်စား၍ ကိုယ်တိုင်ရေးတက်စေရန် ကဗျာစာအုပ်များကို များများဖတ်မှတ်ပြီး လေ့ကျင့်ကြရန် စတင်ဆွေးနွေးပြီး နန်းအိအိဖြိုးမှ  "ကျောင်းဖွင့်စ"ကဗျာဖြင့်လည်းကောင်း၊ နန်းပန်းရိပ်ဖြူမှ "ယဉ်ကျေးသူ" ကဗျာဖြင့်လည်းကောင်း၊ နန်းပိုးပန်းချီမှ "စာကြည့်တိုက်သွားကြစို့" ကဗျာဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။     

ဇော်ဇော်(ပြန်/ဆက်)